Posts

Showing posts from March, 2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

Image
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၃၁-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၄) ဦး ရှိပါသည်။  ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၇)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၆၆) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိက

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

Image
မင်္ဂလာတောင်ညွန့်မြို့နယ် က လူနာအမှတ် ၅ ဟာ ဒီနေ့ မနက် ၇ နာရီ လေးဆယ်က ဝေဘာဂီဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။  အဲဒီလူနာဟာ ကင်ဆာရောဂါအခံရှိသူ အသက် ၆၉ နှစ်အရွယ်အမျိုးသားဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံနဲ့ စကာပူနိုင်ငံတွေကနေ ပြန်ရောက်လာပြီး COVID 19 လူနာအဖြစ် ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ဆောင်ထဲမှာ ကုသပေးနေချိန် သေဆုံးသွားဖြစ်ပါတယ်။ နှာခေါင်းကင်ဆာနဲ့ ဩစတြေးလျမှာ တစ်လလောက်ကုသမှုခံယူခဲ့ပြီး စင်ကာပူကတဆင့် မြန်မာနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၁၄ ဦးရှိပြီဖြစ်ပြီး လူနာ အမှတ် ၅ ဟာ မြန်မာနို်ငငံမှာ COVID 19 နဲ့ သေဆုံးတဲ့ ပထမဆုံးလူနာဖြစ်ပါတယ်။  လူနာအမှတ် ၅ နဲ့ ထိတွေ့ခဲ့ အမျိုးသားတစ်ဦးက COVID 19 လူနာအမှတ် ၁၀ ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူ နေဆဲဖြစ်ပါတယ်။

၃၀ ရက် ၃ လ ၂၀၂၀ နှစ် မြန်နာ နိုင်ငံ ကူးစက်သူ ဦးရေ ၁၄ ဦးအထိရှိလာပြီ

Image
ယနေ့ ည ၇ နာရီ တွေ့ရှိလူနာများ မ ၂ ဦး ကျား ၂ ဦး လည်ပတ်ခဲ့သည့်နေရာ ပြင်သစ်နိုင်ငံ နှင့် ထိုင်း

ရန်ကုန်မြို့ကို Lockdown လုပ်ရန် အစီအစဉ်မရှိသေးဟု တာဝန်ရှိသူပြော

Image
Home > Local News ရန်ကုန်မြို့ကို Lockdown လုပ်ရန် အစီအစဉ်မရှိသေးဟု တာဝန်ရှိသူပြော By မင်းလွင် on Monday, March 30, 2020 - 08:25 လက်ရှိအခြေအနေတွင် ရန်ကုန်မြို့ကို Lockdown (အ ဝင်အထက်ပိတ်ခြင်း) ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ပြောကြားသည်။ ယမန်နေ့ မတ်လ ၂၉ ရက် က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ COVID-19 ရောဂါနှင့် စပ်လျဉ်းပြီး သတင်းစာရှင်းလင်း ပွဲပြုလုပ်ရာ ၎င်းကအထက်ပါအ တိုင်း ပြောကြားခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ COVID နဲ့ ပတ်သက်လို့ ကောလာဟလတွေ အများကြီး ဖြစ်ပေါ်နေပါတယ်။ Lockdown လုပ်ဖို့၊ ရန်ကုန်ကို Lockdown လုပ်တာဟုတ်သလား စသဖြင့် ဒီလိုမျိုးတွေမေးနေကြ တယ်။ လက်ရှိအခြေအနေမှာ Lockdown လုပ်ဖို့မရှိသေးပါဘူး’’ ဟု ဦးမိုးဟိန်းကပြောသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ စက်ရုံအလုပ်ရုံများ တွင် အလုပ်သမားဦးရေခြောက် သိန်းခွဲခန့်ရှိပြီး အထည်ချုပ်အ လုပ်သမားဦးရေ ငါးသိန်းကျော် ပါဝင်နေသဖြင့် ယင်းလုပ်ငန်းများ ကို ပိတ်ရန်အစီအစဉ်မရှိသေးဟု ၎င်းကဆိုသည်။  စားသောက

မြန်မာတွင် COVID-19 ပိုးတွေ့သူ နှစ်ဦးထပ်တိုးပြီး စုစုပေါင်း ၁၀ ဦးဖြစ်

Image
ရန်ကုန် - မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့သူ နှစ်ဦးထပ်တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ညတွင် ထုတ်ပြန်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတိပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၉:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ (၈၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၂) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၈၀) ဦး၏ ဓာတ်ခွဲအဖြေများ တွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။  ဓာတ်ခွဲအတည်ပြုလူနာ (Case-09) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုသူမှာ

ထိုင်းနိုင်ငံတွင် ထောင်သားများ ရောဂါကူးရန် ကြောက့သဖြင့် ထောင်ဖောက် ထောင်ဆူပူ

Image
ထိုင်းပထမဆုံး Lockdown လုပ်သော ဘူလီလမ်ခရိုင် တွင် Covid19 ကြောက်သဖြင့်ကျဉ်းသား 100ကျော် ထောင်အတွင်း မီးရှိုပြီး ထောင်ဖောက်ထွက်လာကြပါတယ်။ အနီးပတ်ဝန်းကျင် အပြစ်မဲ့ပြည်သူအိမ်များ ဝင်ဆီး ဓားစာခံလုပ်  ဆူပူနေကြပါတယ်။ယခု ထိုင်းဘုရင့်တပ်မတော် ဝင်ရောက်ထိမ်းသိမ်းနေပါပြီ။ သေနတ်သံများ ကတော့ဆူညံနေဆဲပါ။ အသေအပျောက်ရှိ တယ်လို့သိရပေမယ့် ဘယ်လောက်လဲ ဆိုတာ အတိအကျမသိသေးပါ။     #Crd_Tina_Lisa

ဆေးဝါးနှင့်အခြေခံစားကုန် ဈေးတင်ရောင်းပါက ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ အရေးယူမည်

Image
လတ်တလော COVID-19 အကြောင်းပြုပြီး ဆေးဝါးပစ္စည်းအပါအဝင် အခြေခံစားသောက်ကုန်စည်တွေ ဈေးတင်ရောင်းချပါက အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ဖြစ်စေ ငွေဒဏ်အားဖြင့် ကျပ် ၅ သိန်း အရေးယူဆောင်ရွက်မယ်လို့ စီးပွား/ကူးသန်း ဒုညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောပါတယ်။   အဲဒီဆောင်ရွက်မှုတွေကို သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဧပြီလလယ်လောက်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ လတ်တလောဈေးနှုန်း မြှင့်တင်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး ဆေးဝါးပစ္စည်းတွေ အများဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။  ဒါတွေကို အမြန်ဆုံး စိစစ်ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေးဝန်းကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောပါတယ်။ 

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

Image
ရန်ကုန်- COVID-19 ကာကွယ် ရေး ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာ နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြား သားအားလုံး ယနေ့(မတ်၂၉)ကစတင်ကာ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားအားလုံးကို ရပ်ဆိုင်း ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ ယင်းသို့ လုပ်ဆောင်ခြင်း သည် COVID-19 ကာကွယ်ထိန်း ချုပ်ရေးအစီအမံများကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ရန် ရှေးရှုပြီး လုပ်ဆောင်ခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်က ဆို သည်။ နိုင်ငံခြားသား အားလုံးကို လူမှုရေးဗီဇာအပါအဝင် မည် သည့်ပြည်ဝင်ဗီဇာ ထုတ်ပေး ခြင်းကိုမဆို ရပ်ဆိုင်းခြင်းဖြစ် သည်။ ထိုဗီဇာရပ်ဆိုင်းသည့် အထဲတွင် အာဆီယံနိုင်ငံများအပါ အဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပြုထားသော နိုင်ငံ အားလုံးမှ နိုင်ငံခြားသားများ လည်းပါဝင်သည်။ သို့သော် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအ ခြေစိုက် ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ဝန် ထမ်းများကို ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး၊အဖွဲ့ ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ တစ်ဆင့် ပြည်ဝင်ဗီဇာလျှောက် ထား ရယူနိုင်သည်ဟု ထုတ်ပြန် ချက်က ဆိုသည်။ သို့သော် ၎င်း တို့အန

ကိုရိုနာ (COVID-19) Application Version Update (၁.၁) ထွက်ပါပြီ။ အားလုံး Download ပြီး Update တင်ပေးကြပါ။

Image
ဘားရှင်း ၁.၁ တွင် သတင်းခေါင်းစဥ် စာလုံးများ ကြီးမားနေသည်များကို အနည်းငယ်လျော့ပြီး စာလုံးညီရန် လုပ်ဆောင်ပေးထားပါသည်။ သတင်းများကို ဖတ်ရာတွင် ခေါင်းစဥ်ထက် စာသားများ လွန်စွာကြီးမားနေခြင်းကို ပြန်လည်ပြုပြင်ပြီး လှပသေသပ်စေရန်ပြန်လည်ပြုပြင်ထားပါသည်။ ဘားရှင်း ၁.၁ တွင် အပေါ်၌ ဘားရှင်း ၁.၁ ဟုရေးသားထားပါသည်။သင့် Application သည် အဆိုပါစာသားမပါပါက Update တင်ရန်လိုအပ်ပါသည်။ ဘားရှင်း ၁.၁ တွင် နိုင်ငံ အားလုံး နာမည်ကို မြန်မာဘာသာ ပြန်ထားပြီး နိုင်ငံ အလိုက် အလံများပါ ထည့်သွင်းထားပါသည်။ ကူးစက်နူန်းကို နိုင်ငံအလိုက် လူတစ်သန်းတွင် မည်မျှ ကူးစက်နေသည်ဟူသော Data အချက်မလက်များကို ပါထည့်သွင်းရေးသားထားပါသည်။ ဘားရှင်း ၁.၁ ကို အောက်တွင် Download ရယူပါ။

တစ်နိုင်ငံလုံးက ဆေးရုံးတွေအတွက် လိုတဲ့ပစ္စည်းတွေ ဖြန့်ဝေထားပြီလို့ ဆို

Image
မတ်-၂၈၊ ၂၀၂၀ တနိုင်ငံလုံးကဆေးရုံတွေမှာ ဆေးနှင့်ဆေးရုံသုံးပစ္စည်းတွေဖြန့်ဝေထားရှိမှုကို ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ Covid-19 ရောဂါဖြစ်ပွားတဲ့နှုန်းများပြားလာပါကကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုနိုင်အောင်အချိန်နဲ့တပြေးညီ အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီးဖြန့်ဝေလိုက်တာပါ။  ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ဖြန့်ဖြူးပေးလိုက်တဲ့ ဆေးရုံသုံးပစ္စည်းတွေထဲမှာ PPE ဝတ်စုံ၊ N_95 mask ၊ Surgical Mask ၊ Goggle ၊ကာကွယ်ရေးဖိနပ်တွေကို အဓိကဖြန့်ဖြူးပေးထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေက အထွေထွေ ဆေးရုံကြီးတွေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးက မြို့ကြီးတွေရဲ့ ဆေးရုံတွေမှာ အဓိကဖြန့်ဝေပေးထားတဲ့စာရင်းကို ထုတ်ပြန်ချက်ထဲမှာအသေးစိတ်ဖော်ပြထားတာပါ။ လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ နယ်မြို ့တွေက ဆေးရုံတွေမှာ ဆေးရုံသုံးပစ္စည်းတွေလောက်ဌမှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာချိန်မှာ အခုစာရင်းကို ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်ပါတယ်။  သတင်း-မိုးညို

မြန်မာနိုင်ငံ ကိုရိုနာ ကူးစက်ခံရသူ (၈) ဦး၏ အသက်အရွယ်နှင့် တက်ရောက်နေသည့် ဆေးရုံများ

Image
၂၆ ရက် ၃ လ ၂၀၂၀ နှစ် ကျား ၁ ယောက် (၂၉ နှစ်) ဝေဘာဂီ အထူးကုဆေးရုံ မ ၂ ယောက် (၅၈ နှစ် / ၆၀ နှစ်) ကုတင် ၁၀၀၀ အထူးကုဆေးရုံ နေပြည်တော် ရန်ကုန်အထူးကုဆေးရုံံကြီး ၂၁ ရက် ၃ လ ၂၀၂၀ နှစ် ကျား ၁ ယောက် (၃၆ နှစ်) တီးတိမ်မြို့ပြည်သူ့ဆေးရုံ ချင်းပြည်နယ် ၂၂ ရက် ၃ လ ၂၀၂၀ နှစ် ကျား ၁ ယောက် (၂၆ နှစ်) ဝေဘာဂီအထူးကုဆေးရုံကြီး ၂၃ ရက် ၃ လ ၂၀၂၀ နှစ် ကျား ၁ ယောက် (၂၆ နှစ်) အင်းစိန်ပြည်သူ့ဆေးရုံကြီး ၂၅ ရက် ၃ လ ၂၀၂၀ နှစ် ကျား ၂ ယောက် (၃၃နှစ်/၆၉နှစ်) ကန်တော်နဒီဆေးရုံံ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

COVID-19 လူနာနံပါတ် (၃) သည် လဝကပုံစံဖြည့်ရာတွင် အင်္ဂလန်အစား ဘာဘေးဒိုးစ်ဟု လွှဲဖြည့်ခဲ့ကြောင်း ပေါ်ပေါက်

Image
နိုင်ငံ ၁၆ နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအပါ အဝင် ခရီးသွားများအားလုံးကို ၁၄ ရက်ကြာ သီးခြားထားရှိစောင့်ကြည့်မည့်အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီးနောက် အင်္ဂလန်-ဘန်ကောက်လမ်းကြောင်းမှတဆင့် ရန်ကုန်လေဆိပ်သို့ ဝင်ရောက်ခဲ့သည့် တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ အတည်ပြုလူနာသည် လဝကပုံစံ (immigration form) ဖြည့်ရာတွင် အင်္ဂလန်အစား ဘာဘေးဒိုးစ် (barbados) ဟု လွှဲ၍ဖြည့်စွက်ဖော်ပြခဲ့ကြောင်း သိရသည်။ ဗြိတိန်အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းများသည့် နိုင်ငံ ၁၆ နိုင်ငံတွင် လွန်ခဲ့သည့် ၁၄ ရက်အတွင်း နေထိုင်ခဲ့၊ သွားရောက်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားများအပါအဝင် ခရီးသွားများအားလုံးကို ၁၄ ရက်ကြာ သီးသန့်သတ်မှတ်ထားသည့်နေရာများတွင် ထားရှိစောင့်ကြည့်မှု (facility quarantine) ပြု လုပ်မည့်အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂ဝ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီအစဉ်မှာ မတ် ၂၁ ရက်နေ့မှစတင်ကာ အသက်ဝင်ခဲ့သည်။ COVID-19 လူနာနံပါတ် (၃) မှာ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတဆင့် ရန်ကုန်လေဆိပ်သို့ မတ် ၂၃ ရက်တွင် ဝင်ရောက်ခဲ့သည်။  ''ကျွန်မတို့က ဘာပြောခ

မင်္ဂလာတောင်ညွှန့်မြို့နယ်မှ COVID-19 လူနာနေထိုင်ရာ နေအိမ်နှင့် လမ်းကို ပိုးသတ်ဆေးဆေးဖြန်း

Image
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွွှန့်မြို့နယ် ၁၀၁ (အထက်လမ်း) တွင်နေထိုင်သည့် စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အသက် (၆၉) နှစ်အရွယ်အမျိုးသားသည် COVID-19 ရောဂါပိုးကူးစက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ရုံးကြီးတွင်ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းနေထိုင်ခဲ့သည့် ခြောက်ထပ်တိုက်အိမ်နှင့်လမ်းကို မတ် ၂၇ နေ့လယ်ပိုင်းက ပိုးသတ်ဆေးဖြန်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ "ရောဂါကူးစက်ခံရသူက ကင်ဆာဝေဒနာရှိတော့ စိုးရိမ်ရတဲ့အနေအထားပါ။ လက်ရှိ လူနာနေထိုင်တဲ့ ခြောက်ထပ်တိုက်တခုလုံးကို Home Quarantine ပြုလုပ်ထားပါတယ်။ အိမ်ထဲမှာ လူနာရဲ့အမျိုးသမီးအပါအဝင် မိသားစု အယောက် ၂၀ ရှိတယ်။ သူတို့စားရေးသောက်ရေးလိုအပ်ချက်ကို လမ်းထဲကပရဟိတလူငယ်တွေနဲ့ ပြည်သူတွေဝိုင်းဝန်းဆောင်ရွက်ပေးမှာပါ။ ဒီ ၁၀၁ လမ်းကိုလည်း လမ်းနေပြည်သူနဲ့ ကားကလွဲပြီးဝင်ခွင့်ပိတ်ထားပါတယ်။ အခု လမ်းနဲ့ နေအိမ်တွေကိုဆေးဖြန်ခြင်းလုပ်ငန်းဆောင်ရွက်နေပါတယ်"ဟု ၎င်းကပြောသည်။ လက်ရှိတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းအပါအဝင် မြို့နယ်တွင်းစားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခြင်းကိုခွင့်မပြုတော့ဘဲ ပါဆယ်ဝယ်ယူခြင်းသာခွင့်ပြုကာ လူတဦးနှင့်တဦး သ

မန္တလေးမှ COVID-19 လူနာနံပါတ် (၄) သည် ရပ်ကွက်ဆေးခန်း၌ လူမသိသူမသိ ကုသနေခဲ့ဟုဆို၊ မြရည်နန္ဒာတိုက်ခန်းတွဲတခုလုံးကို အသွားအလာ ပိတ်ပင်ထား

Image
မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် COVID- 19 တွေ့ရှိသည်ဟုကြေညာခံထားရသူ လူနာနံပါတ် (၄) အမျိုးသားမှာ ဆေးရုံမရောက်မီ ရပ်ကွက်အတွင်းရှိဆေးခန်းတခုတွင် ကုသနေခဲ့သည်ကို တာဝန်သိသူများက လိုက်လံဖော်ထုတ်ပေးခဲ့မှုကြောင့် ဆေးရုံသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မြရည်နန္ဒာရပ်ကွက်မှတာဝန်ရှိသူများက ပြောသည်။ အဆိုပါအမျိုးသား နေထိုင်သွားလာခဲ့သည့်နေရာများကို ကျန်းမာရေးအပါအဝင် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုနှင့်ဆေးဖျန်းခြင်းလုပ်ငန်းများပြုလုပ်ခဲ့ပြီး ၎င်းနေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းတွဲတခုလုံးကို အသွားအလာ ပိတ်ပင်ထားသည်။ ထို့ပြင် ၎င်း၏မိသားစုဝင်များကို စောင့်ကြပ်ကြည့်ရှုရန်ဆေးရုံသို့ ခေါ်ဆောင်ထားကြောင်း သိရသည်။ "အခုရောဂါတွေ့ရှိတဲ့ လူနာက ဒီကိုပြန်ရောက်တာကြာပြီ။ မတ်လ (၅) ရက်လောက်ကတည်းကပေါ့။ နောက်ပြန်ထွက်သွားတယ်။ အခု မတ်လ(၂၀)လောက်မှာ ပြန်ရောက်လာတယ်။ ပြန်ရောက်ရောက်ချင်း ရပ်ကွက်အတွင်းမှာရှိတဲ့ ဆေးခန်းတခုမှာ ကြိတ်ကုနေတာ။ မေးမြန်းတော့လည်း ဘာမှမဖြစ်ဘူးပဲပြောနေတာ။ သူကဘာမှမဖြစ်ဘူးပြောတော့ ကျန်တဲ့သူတွေက ဘယ်သိမလဲ။ ဒါကိုသိတော့ သူနေတဲ့နေရာကို ချက်ချင်းစုံစမ်းပြီး မတ် (၂၄) ရက်နေ့မှာ ကန်တော်နဒီဆေးရုံကို ပိ

မန္တလေးမှ ပိုးတွေ့လူနာကို ပို့ဆောင်ခဲ့သည့် မီနီအိုဝေယာဉ်မောင်းက နေအိမ်တွင်ပင် ကန့်သတ်နေထိုင်မည်

Image
ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုးကို ကျွဲဆည်ကန် ကားဝန်းမှ မြရည်နန္ဒာ တိုက်ခန်းသို့ ပို့ဆောင်ပေးခဲ့သူ မီနီအိုးဝေ ယာဉ်မောင်းက ယနေ့နံနက် ၉နာရီခန့် အချိန်တွင် လာရောက် စစ်ဆေးခံခဲ့သည်။ ၎င်းက ‘လူမမှတ်မိသော်လည်း အွန်လိုင်းပေါ်တက်နေသည့် သတင်းများဖတ်ကာ သူပို့ ဆောင်ခဲ့သည့်လူဟု သံသယရှိကာ လိုက်ပို့ခဲ့သည့်လမ်းကြောင်းအတိုင်း ပြန်လာရှာခဲ့ခြင်းဖြစ်သည်’ ဟု ထိုနေရာသို့ရောက်ရှိနေသည့် Myanmar Now သတင်းထောက်က သတင်းပေးပို့သည်။ အဆိုပါမီနီအိုးဝေယာဉ်မောင်းကို မြရည်နန္ဒာတိုက်ခန်းအနီးတွင်ပင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ‘အိမ်တွင် အသွားအလာကန့်သတ်၍ နေချင်ပါသလား၊ ဆေးရုံတွင် နေချင်ပါသလား’ ဟု ရွေးချယ်ခွင့်ပေးရာ မီနီအိုးဝေယာဉ်မောင်းက အိမ်တွင်ပင် နေထိုင်မည်ဟုဆိုသည့်အတွက် ခွင့်ပြုခဲ့သည်။ မီနီအိုးဝေယာဉ်မောင်း၏ ပြောဆိုချက်အရ ၎င်းလိုက်ပို့သည့်နေ့က အဆိုပါ ပိုးတွေ့လူနာနှင့်အတူ နောက်ထပ်တဦးကိုလည်း ချမ်းမြသာစည်မြို့နယ်အတွင်း လိုက်ပို့ပေးခဲ့ရသေးသည်ဟု ဆိုသည်။ ယခု ယင်းပုဂ္ဂိ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် သံသယနှင့် စောင့်ကြည့်လူနာ ပိုများလာ

Image
ရှမ်းပြည်နယ် တောင်းပိုင်း ၂၁ မြို့နယ်အတွင်းမှာ စောင့်ကြည့်နဲ့သံသယလူနာ တရက်ထက်တရက် ပိုများလာနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မတ် ၂၆ ရက်ညနေအထိ ဓာတ်ခွဲခန်းအဖြေကိုစောင့်နေတဲ့ စောင့်ကြည့်လူနာ ၈ ဦးရှိပြီး ၅ ဦးက ရောဂါပိုးမတွေ့ရှိကြောင်း မတ်လ ၂၇ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းတခုလုံးမှာ စောင့်ကြည့်လူနာ ၈ ဦးနဲ့ သံသယလူနာ ၁၁ ဦးရှိတယ်လို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောပါတယ်။ လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းက စောင့်ကြည့်လူနာတွေကတော့ တောင်ကြီးအမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ၁ ဦး၊ စဝ်စံထွန်းဆေးရုံမှာ ၄ ဦး၊ ကျေးသီးဆေးရုံမှာ ၁ ဦး၊ ဆီဆိုင်ဆေးရုံမှာ၂ ဦး စုစုပေါင်း ၈ ဦး ရှိပြီး သံသယလူနာကတော့ တောင်ကြီးအမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ၁ ဦး၊ စဝ်စံထွန်း ဆေးရုံမှာ ၁ ဦး၊ ညောင်ရွှေဆေးရုံမှာ ၁ ဦး၊ ကျေးသီးဆေးရုံမှာ ၃ ဦး၊ ရွာငံဆေး ရုံမှာ ၁ ဦး၊ ဆီဆိုင်ဆေးရုံမှာ ၁ ဦး၊ ပင်လုံဆေးရုံမှာ ၁ ဦး စာရင်းမသွင်းရသေးတဲ့ ဆီဆိုင်ဆေးရုံက ၂ ဦး စုစုပေါင်း ၁၁ ဦး ရှိနေပါတယ်။ ဇန်နဝါရီကစပြီး မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ

ဖားကန့်ရတနာနယ်မြေကို ဝင်လာသူတိုင်း ကျန်းမာရေး စစ်ဆေးခံရမည်

Image
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြိုတင်ကာကွယ်ဖို့အတွက် ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသ ဖားကန့်ရတနာနယ်မြေကို ဝင်လာသူတိုင်းကို ကျန်းမာရေး စစ်ဆေးတော့မယ်လို့ ဖားကန့်မြို့နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ မတ် ၂၆ ရက်မနက်က ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံး မှာ ကျင်းပတဲ့ ဖားကန့်မြို့နယ် COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းဝေးမှာ ခုလို ဆုံးဖြတ်ခဲ့တာပါ။ ရောဂါကြိုတင်ကာကွယ်ဖို့ ကာမိုင်းမြို့အနီး ကာမိုးင်းဂိတ်၊ လုံးခင်းကျေးရွာအနီး လယ်ပြင်ဂိတ်၊ ဝေခါကျေးရွာအနီး ဆပ်ပြာချောင်းဂိတ်၊ ဆယ်ဇင်းကျေးရွာရှိ ဆယ်ဇင်းဂိတ်တွေမှာ ဝင်လာသမျှကားတွေပေါ် ပါသူအားလုံးကို ကျန်းမာရေး စစ်ဆေးဖို့ အစည်းဝေးက ဆုံးဖြတ်ပါတယ်။ ကျန်းမာရေးစစ်ဆေးရာမှာ ခြေမြန်တပ်မ (၃၃) မှ ရဲဘော်တွေ၊ အထူးရဲတိုက်ခိုက်ရေး ရဲတပ်ရင်းတွေက ရဲဘော်တွေ၊ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲဘော်တွေက လုံခြုံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သက်ဆိုင်ရာခေါင်းဆောင်တွေက ပြောပါတယ်။ တပ်မ ၃၃ ခေတ္တတပ်မှူး ဗိုလ်မှူးကြီး ဇော်မျိုးဝင်းက “ဒီရောဂါပိုးဟာ ကြောက်နေဖို့ မလိုပါဘူး။ ကျနော်တို့ တဦးချင်းစီက ကျန်းမာရေး အသိရှ

တတိယမြောက် COVID-19 လူနာနှင့် လေယာဉ်အတူစီးလာသူက ကျန်းမာရေးဦးစီးဌာနသို့ ကိုယ်တိုင်လာရောက် အစစ်ခံ

Image
အောင်ရဲကို ရန်ကုန် - မြန်မာနိုင်ငံ၏ တတိယ မြောက် COVID-19 လူနာအဖြစ် အတည်ပြုခဲ့သော အင်းစိန်မြို့ နယ်တွင် နေထိုင်ခဲ့သူနှင့် လေ ယာဉ်အတူစီးလာသူက ကျန်းမာ ရေးဦးစီးဌာနသို့ ကိုယ်တိုင်လာ ရောက်အစစ်ခံခဲ့ကြောင်း တောင် ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောသည်။ COVID-19 ပိုးတွေ့လူနာ နှင့်အတူ အင်္ဂလန်နိုင်ငံမှ လေ ယာဉ်စီးလာသော တောင်ဥက္က လာပမြို့နယ် (၁၃) ရပ်ကွက်နေ (၃၈)နှစ်အရွယ် ကိုအောင်ကျော် မင်းသည် ဒေသန္တရဆေးခန်းသို့ သွားရောက် အစစ်ဆေးခံခဲ့ပြီး နောက် ရောဂါပိုးသံသယလက္ခ ဏာများမတွေ့ရသဖြင့် နေအိမ် တွင်သာနေထိုင်ရန် ညွှန်ကြားခဲ့ ကြောင်း ဦးအေးမင်းက ပြော သည်။ ‘‘အင်းစိန်ကလူနဲ့က မိတ် ဆွေတွေဖြစ်တယ်။ အတူတူလာ တယ်။ လာတဲ့အခါကျတော့ အင်းစိန်က တစ်ယောက်က စောင့်ကြည့်နဲ့ အင်းစိန်ဆေးရုံတင် လိုက်ရတာကို လူမှုကွန်ရက်မှာ တွေ့လိုက်တယ်။ အဲဒီအချိန်မှာ သူကိုယ်တိုင်ပဲ တောင်ဥက္ကလာပ ဒေသန္တရ (၆)ရပ်ကွက်ကို သွား တယ်။ သူ့မှာ ရောဂါပိုးမရှိလို့ အိမ်ပြန်လွှတ်တယ်။ တိုင်းကျန်း မာရေးက ဖုန်းနဲ့ဆက်သွယ်လို့ တောင်ဥက္ကလာပ ကျန်းမာရေးဦး စီးမှူး သူတို့ဆီသွားတယ်။ အပြင် မထွက်ဖို့ မပြုဖို့ မှာကြားခဲ့တယ်’’ ဟု ၎င်းကပြ

၂၄ ရက်နေ့ မြန်မာနိုင်ငံ စောင့်ကြည့် လူနာစာရင်း

Image
ပုံကို သေချာကြည့်လိုလျှင် Click ပြီးကြည့်ပါ

သင်ရောဂါ ရှိ/ မရှိကို ဒီမှာ စစ်ဆေးပါ

Image
အောက်ပါမေးခွန်းကို ဖြေဆိုပါ။ ချောင်းဆိုးနေသလား (၁)မှတ် အအေးမိနေပါသလား (၁)မှတ် ဝမ်းပျက်နေသလား (၁)မှတ် လည်ချောင်းနာနေသလား (၁)မှတ် ကိုယ်လက်ကိုက်ခဲနေသလား (၁)မှတ် ခေါင်းကိုက်နေသလား (၁)မှတ် အဖျားရှိလား/ ၁၀၀ ကျော်နေလား (၁)မှတ် အသက်ရူရခက်လား (၂)မှတ် မောပန်းနေလား (၂)မှတ် လွန်ခဲ့တဲ့ (၂) ပတ်အတွင်းခရီးသွားဖူးလား (၃) မှတ် ကိုဗစ်ရောဂါကူးစက်နေရာဆီခရီးသွားဖူးလား (၃)မှတ် ကိုဗစ်ရှိသူနဲ့အနီးကပ်နေဖူးလား (၃)မှတ် ရမှတ်ကို မှတ်သားပြီး အောက်တွင် အဖြေတိုက်ပါ။ (၀)မှတ်ကနေ (၂)မှတ် ဆိုပါက သင်အကြောက်လွန်နေတာပါ။ဆက်လက် စောင့်ကြည့်ပါ။ (၃)မှတ်ကနေ(၅)မှတ် ဆိုပါက ရေများများသောက်ပါ။တကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။နောက် (၂)ရက်ကြာရင် ပြန်ဖြေကြည့်ပါ။ (၆)မှတ်ကနေ(၁၂)မှတ် ဆိုပါက ဆရာဝန်နှင့်ပြသပါ။ဆရာဝန်ညျှန်ကြားမှုကို လိုက်နာပါ။ (၁၂)မှတ်ကနေ(၂၀) ကိုဗစ်အတွက် ဆက်သွယ်ရမယ့် ဖုန်းတွေကို ခေါ်ဆိုပါ။

ဗြိတိန်ပြည်သူအားလုံး အိမ်တွင်နေထိုင်ရန် ဝန်ကြီးချုပ်အမိန့်ပေး၊ မလိုက်နာသူများ ဒဏ်ကြေးပေးရမည်

Image
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ရပ်တံ့ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဗြိတိန်ပြည်သူအားလုံး အိမ်မှာပဲနေရမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မတ် ၂၃ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။  ဝန်ကြီးချုပ် ဂျွန်ဆင်က မဖြစ်မနေ အရေးကြီးတာ မဟုတ်တဲ့ ဈေးဆိုင်တွေကို ပိတ်ပစ်ဖို့၊ မိသားစု မိတ်ဆွေတွေနဲ့ မတွေ့ဆုံဖို့ ပြောခဲ့သလို မလိုက်နာသူတွေ ဒဏ်ကြေးဆောင်ရမယ်လို့ သတိပေးလိုက်ပါတယ်။  ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၃၅ ဦး ရှိသွားပါပြီ။ ဆေးဘက်ဆိုင်ရာ ပစ္စည်း ပြတ်လပ်နေတယ်လို့ ညည်းညူနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်က နှာခေါင်းစည်းအပါအဝင် ကာကွယ်ရေးဝတ်စုံ (PPE) သန်းချီပြီး ကူညီပေးသွားမယ်လို့ ဗြိတိန်အစိုးရက ပြောကြားပါတယ်။  ဗြိတိန်အစိုးရရဲ့ အစီအမံ သစ်တွေကို သီတင်း ၃ ပတ်အကြာမှာ ပြန်သုံးသပ်ပြီး လိုအပ်ရင် ဖြေလျှော့ပေးသွားမှာပါ။  ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရာသီဥတုကောင်းတာကို အခွင့်ကောင်းယူပြီး ဗြိတိန်ပြည်သူ သန်းနဲ့ချီ ပန်းခြံနဲ့ အလှပြင်ဆိုင်တွေကို သွားရောက်ခဲ့ပါတယ်။  အဲဒီလို သွားရာမှာ ဗြိတိန်ပြည်သူတွေဟာ တဦးနဲ့တဦး ၆ ပေ ခွာရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို ဥပေက္ခာပြုခဲ့တယ်လို့ ရိုက်တာသတင်း

နိုင်ငံတဝန်း တက္ကသိုလ်၊ ကောလိပ်စာမေးပွဲများနှင့် ၁၀ တန်း စာစစ်လုပ်ငန်းများ ရပ်ဆိုင်

Image
မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ အတည်ပြုလူနာ ၂ ယောက်တွေ့ပြီးတဲ့နောက် တက္ကသိုလ်နဲ့ ကောလိပ်တွေက စာမေးပွဲကို ရပ်ဆိုင်းလိုက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မကွေးတက္ကသိုလ် စတဲ့ တက္ကသိုလ်တွေက လက်ရှိကျင်းပနေတဲ့ စာမေးပွဲတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာပါတယ်။ အရေးပေါ်အစည်းအဝေးလုပ်ပြီး ဒီမနက်ကစလို့ စာမေးပွဲတွေ၊ အဝေးသင်ကျောင်းသူ ကျောင်းသားတွေရဲ့ စာစဉ်တင်တာတွေကို ရပ်နား ရွှေ့ဆိုင်းလိုက်ကြတာပါ။ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ကိုယ့်နေရပ်ကို အမြန်ပြန်ကြပြီး ကျန်းမာရေးဌာန ညွှန်ကြားချက်တွေကို လိုက်နာနေထိုင်ကြဖို့လည်း တက္ကသိုလ်ပညာရေးအဖွဲ့တချို့က တိုက်တွန်းထားပါတယ်။ ပြီးတော့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်လုပ်ငန်းကို စတင်လုပ်ကိုင်နေတဲ့ တက္ကသိုလ်တွေကလည်း ဒါကို ရပ်ဆိုင်းလိုက်ပါတယ်။ ပဲခူးတက္ကသိုလ်စာမေးပွဲတွေကို မတ်လ ၂၄ ရပ်နေ့ကစတင်ရပ်ဆိုင်ကြောင်းကို ပြီးခဲ့တဲ့ညကတည်းက ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ ပဲခူးတက္ကသိုလ်ပါမောက္ခခ