တစ်နိုင်ငံလုံးက ဆေးရုံးတွေအတွက် လိုတဲ့ပစ္စည်းတွေ ဖြန့်ဝေထားပြီလို့ ဆို


မတ်-၂၈၊ ၂၀၂၀

တနိုင်ငံလုံးကဆေးရုံတွေမှာ ဆေးနှင့်ဆေးရုံသုံးပစ္စည်းတွေဖြန့်ဝေထားရှိမှုကို ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

Covid-19 ရောဂါဖြစ်ပွားတဲ့နှုန်းများပြားလာပါကကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုနိုင်အောင်အချိန်နဲ့တပြေးညီ အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီးဖြန့်ဝေလိုက်တာပါ။
 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ဖြန့်ဖြူးပေးလိုက်တဲ့ ဆေးရုံသုံးပစ္စည်းတွေထဲမှာ PPE ဝတ်စုံ၊ N_95 mask ၊ Surgical Mask ၊ Goggle ၊ကာကွယ်ရေးဖိနပ်တွေကို အဓိကဖြန့်ဖြူးပေးထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေက အထွေထွေ ဆေးရုံကြီးတွေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးက မြို့ကြီးတွေရဲ့ ဆေးရုံတွေမှာ အဓိကဖြန့်ဝေပေးထားတဲ့စာရင်းကို ထုတ်ပြန်ချက်ထဲမှာအသေးစိတ်ဖော်ပြထားတာပါ။

လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ နယ်မြို ့တွေက ဆေးရုံတွေမှာ ဆေးရုံသုံးပစ္စည်းတွေလောက်ဌမှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာချိန်မှာ အခုစာရင်းကို ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်ပါတယ်။

 သတင်း-မိုးညို

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း