မန္တလေးမှ ပိုးတွေ့လူနာကို ပို့ဆောင်ခဲ့သည့် မီနီအိုဝေယာဉ်မောင်းက နေအိမ်တွင်ပင် ကန့်သတ်နေထိုင်မည်


ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုးကို ကျွဲဆည်ကန် ကားဝန်းမှ မြရည်နန္ဒာ တိုက်ခန်းသို့ ပို့ဆောင်ပေးခဲ့သူ မီနီအိုးဝေ ယာဉ်မောင်းက ယနေ့နံနက် ၉နာရီခန့် အချိန်တွင် လာရောက် စစ်ဆေးခံခဲ့သည်။

၎င်းက ‘လူမမှတ်မိသော်လည်း အွန်လိုင်းပေါ်တက်နေသည့် သတင်းများဖတ်ကာ သူပို့ ဆောင်ခဲ့သည့်လူဟု သံသယရှိကာ လိုက်ပို့ခဲ့သည့်လမ်းကြောင်းအတိုင်း ပြန်လာရှာခဲ့ခြင်းဖြစ်သည်’ ဟု ထိုနေရာသို့ရောက်ရှိနေသည့် Myanmar Now သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါမီနီအိုးဝေယာဉ်မောင်းကို မြရည်နန္ဒာတိုက်ခန်းအနီးတွင်ပင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ‘အိမ်တွင် အသွားအလာကန့်သတ်၍ နေချင်ပါသလား၊ ဆေးရုံတွင် နေချင်ပါသလား’ ဟု ရွေးချယ်ခွင့်ပေးရာ မီနီအိုးဝေယာဉ်မောင်းက အိမ်တွင်ပင် နေထိုင်မည်ဟုဆိုသည့်အတွက် ခွင့်ပြုခဲ့သည်။







မီနီအိုးဝေယာဉ်မောင်း၏ ပြောဆိုချက်အရ ၎င်းလိုက်ပို့သည့်နေ့က အဆိုပါ ပိုးတွေ့လူနာနှင့်အတူ နောက်ထပ်တဦးကိုလည်း ချမ်းမြသာစည်မြို့နယ်အတွင်း လိုက်ပို့ပေးခဲ့ရသေးသည်ဟု ဆိုသည်။ ယခု ယင်းပုဂ္ဂိုလ်ကို လိုက်လံရှာဖွေလျက်ရှိသည်။

သတင်း - ခင်နှင်းဝေ/Myanmar Now
ဓာတ်ပုံ - ရန်မိုးနိုင်/Myanmar Now

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း