နိုင်ငံတဝန်း တက္ကသိုလ်၊ ကောလိပ်စာမေးပွဲများနှင့် ၁၀ တန်း စာစစ်လုပ်ငန်းများ ရပ်ဆိုင်


မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ အတည်ပြုလူနာ ၂ ယောက်တွေ့ပြီးတဲ့နောက် တက္ကသိုလ်နဲ့ ကောလိပ်တွေက စာမေးပွဲကို ရပ်ဆိုင်းလိုက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မကွေးတက္ကသိုလ် စတဲ့ တက္ကသိုလ်တွေက လက်ရှိကျင်းပနေတဲ့ စာမေးပွဲတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာပါတယ်။

အရေးပေါ်အစည်းအဝေးလုပ်ပြီး ဒီမနက်ကစလို့ စာမေးပွဲတွေ၊ အဝေးသင်ကျောင်းသူ ကျောင်းသားတွေရဲ့ စာစဉ်တင်တာတွေကို ရပ်နား ရွှေ့ဆိုင်းလိုက်ကြတာပါ။ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ကိုယ့်နေရပ်ကို အမြန်ပြန်ကြပြီး ကျန်းမာရေးဌာန ညွှန်ကြားချက်တွေကို လိုက်နာနေထိုင်ကြဖို့လည်း တက္ကသိုလ်ပညာရေးအဖွဲ့တချို့က တိုက်တွန်းထားပါတယ်။ ပြီးတော့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်လုပ်ငန်းကို စတင်လုပ်ကိုင်နေတဲ့ တက္ကသိုလ်တွေကလည်း ဒါကို ရပ်ဆိုင်းလိုက်ပါတယ်။

ပဲခူးတက္ကသိုလ်စာမေးပွဲတွေကို မတ်လ ၂၄ ရပ်နေ့ကစတင်ရပ်ဆိုင်ကြောင်းကို ပြီးခဲ့တဲ့ညကတည်းက ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်အေးအေးထွန်းကပြောပါတယ်။

“လက်တလောမှာတော့ ကျောင်းအတွင်းအဆောင်တွေမှာနေတဲ့ ကလေးတွေကို နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးနေပါတယ်၊ တချို့ကလည်း မိဘတွေကိုယ်တိုင်လာကြိုတာရှိသလို တချို့ကိုတော့ တက္ကသိုလ်ကနေ ကား နှစ်စီး နဲ့ သူတို့ရဲ့နေအိမ်တွေကို လိုက်ပို့ပေးနေတယ်” 

စာမေးပွဲပြန်ဖြေဆိုရမယ့်ရက်နဲ့ ကျောင်းပြန်ဖွင့်မယ့်ရက်ကိုတော့ တက္ကသိုလ်ရဲ့ Online Page တွေကနေတဆင့် ပြန်ပြီးကြေညာပေးပါ့မယ်လို့သိရပါတယ်။

တနိုင်ငံလုံးက တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေနဲ့ ကောလိပ်တွေရဲ့ ပထမနှစ်ဝက်စာမေးပွဲတွေ ကျင်းပနေတာဖြစ်ပြီး ကျောင်းသူကျောင်းသား စုစုပေါင်း ၃ သိန်းခွဲကျော်ဝင်ရောက်ဖြေဆိုနေ ပါတယ်။

သတင်း- ပိုင်စိုး/ အောင်စိုးမိုး

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း