တတိယမြောက် COVID-19 လူနာနှင့် လေယာဉ်အတူစီးလာသူက ကျန်းမာရေးဦးစီးဌာနသို့ ကိုယ်တိုင်လာရောက် အစစ်ခံ


အောင်ရဲကို

ရန်ကုန် - မြန်မာနိုင်ငံ၏ တတိယ မြောက် COVID-19 လူနာအဖြစ် အတည်ပြုခဲ့သော အင်းစိန်မြို့ နယ်တွင် နေထိုင်ခဲ့သူနှင့် လေ ယာဉ်အတူစီးလာသူက ကျန်းမာ ရေးဦးစီးဌာနသို့ ကိုယ်တိုင်လာ ရောက်အစစ်ခံခဲ့ကြောင်း တောင် ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောသည်။

COVID-19 ပိုးတွေ့လူနာ နှင့်အတူ အင်္ဂလန်နိုင်ငံမှ လေ ယာဉ်စီးလာသော တောင်ဥက္က လာပမြို့နယ် (၁၃) ရပ်ကွက်နေ (၃၈)နှစ်အရွယ် ကိုအောင်ကျော် မင်းသည် ဒေသန္တရဆေးခန်းသို့ သွားရောက် အစစ်ဆေးခံခဲ့ပြီး နောက် ရောဂါပိုးသံသယလက္ခ ဏာများမတွေ့ရသဖြင့် နေအိမ် တွင်သာနေထိုင်ရန် ညွှန်ကြားခဲ့ ကြောင်း ဦးအေးမင်းက ပြော သည်။

‘‘အင်းစိန်ကလူနဲ့က မိတ် ဆွေတွေဖြစ်တယ်။ အတူတူလာ တယ်။ လာတဲ့အခါကျတော့ အင်းစိန်က တစ်ယောက်က စောင့်ကြည့်နဲ့ အင်းစိန်ဆေးရုံတင် လိုက်ရတာကို လူမှုကွန်ရက်မှာ တွေ့လိုက်တယ်။ အဲဒီအချိန်မှာ သူကိုယ်တိုင်ပဲ တောင်ဥက္ကလာပ ဒေသန္တရ (၆)ရပ်ကွက်ကို သွား တယ်။ သူ့မှာ ရောဂါပိုးမရှိလို့ အိမ်ပြန်လွှတ်တယ်။ တိုင်းကျန်း မာရေးက ဖုန်းနဲ့ဆက်သွယ်လို့ တောင်ဥက္ကလာပ ကျန်းမာရေးဦး စီးမှူး သူတို့ဆီသွားတယ်။ အပြင် မထွက်ဖို့ မပြုဖို့ မှာကြားခဲ့တယ်’’ ဟု ၎င်းကပြောသည်။

အုပ်ချုပ်ရေးအာဏာပိုင် များနှင့် ကျန်းမာရေးဦးစီးဌာနက သွားရောက်စဉ် ကိုအောင်ကျော် မင်းက ၎င်းတွင် ကလေးနှင့် မိ သားစုရှိသဖြင့် ဂရုတစိုက်နေ ထိုင်နေကြောင်း၊ ရပ်ကွက်အနေ ဖြင့်လည်း မစိုးရိမ်ရန်နှင့် လိုအပ် ပါက အစိုးရကစီစဉ်သော ဆေးရုံ များတွင် သွားရောက်နေထိုင်မည် ဟု ပြောဆိုခဲ့ကြောင်း တောင်ဥက္က လာပ (၁၃)ရပ်ကွက် အုပ်ချုပ်ရေး မှူးက ဆိုသည်။

ကျန်းမာရေးဌာနအနေဖြင့် လိုအပ်သောစစ်ဆေးမှုများ ပြု လုပ်နေပြီး Home Quarantine ထားရှိထားပါကြောင်းနှင့် ကျန်း မာရေး ကောင်းမွန်လျက်ရှိ ကြောင်း လေးစားစွာတင်ပြပါ သည်ဟူ၍ တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာစောနိုင်က ကို အောင်ကျော်မင်းနှင့် ပတ်သက်၍ ၎င်း၏ လူမှုကွန်ရက်တွင် မတ်လ ၂၅ ရက်က ရေးသားခဲ့သည်။

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း