ဆေးဝါးနှင့်အခြေခံစားကုန် ဈေးတင်ရောင်းပါက ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ အရေးယူမည်


လတ်တလော COVID-19 အကြောင်းပြုပြီး ဆေးဝါးပစ္စည်းအပါအဝင် အခြေခံစားသောက်ကုန်စည်တွေ ဈေးတင်ရောင်းချပါက အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ဖြစ်စေ ငွေဒဏ်အားဖြင့် ကျပ် ၅ သိန်း အရေးယူဆောင်ရွက်မယ်လို့ စီးပွား/ကူးသန်း ဒုညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောပါတယ်။  

အဲဒီဆောင်ရွက်မှုတွေကို သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဧပြီလလယ်လောက်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

လတ်တလောဈေးနှုန်း မြှင့်တင်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး ဆေးဝါးပစ္စည်းတွေ အများဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။ 

ဒါတွေကို အမြန်ဆုံး စိစစ်ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေးဝန်းကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောပါတယ်။ 

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း