ရှမ်းပြည်နယ်တောင်ပိုင်းတွင် သံသယနှင့် စောင့်ကြည့်လူနာ ပိုများလာ


ရှမ်းပြည်နယ် တောင်းပိုင်း ၂၁ မြို့နယ်အတွင်းမှာ စောင့်ကြည့်နဲ့သံသယလူနာ တရက်ထက်တရက် ပိုများလာနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

မတ် ၂၆ ရက်ညနေအထိ ဓာတ်ခွဲခန်းအဖြေကိုစောင့်နေတဲ့ စောင့်ကြည့်လူနာ ၈ ဦးရှိပြီး ၅ ဦးက ရောဂါပိုးမတွေ့ရှိကြောင်း မတ်လ ၂၇ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းတခုလုံးမှာ စောင့်ကြည့်လူနာ ၈ ဦးနဲ့ သံသယလူနာ ၁၁ ဦးရှိတယ်လို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းက စောင့်ကြည့်လူနာတွေကတော့ တောင်ကြီးအမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ၁ ဦး၊ စဝ်စံထွန်းဆေးရုံမှာ ၄ ဦး၊ ကျေးသီးဆေးရုံမှာ ၁ ဦး၊ ဆီဆိုင်ဆေးရုံမှာ၂ ဦး စုစုပေါင်း ၈ ဦး ရှိပြီး သံသယလူနာကတော့ တောင်ကြီးအမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ၁ ဦး၊ စဝ်စံထွန်း ဆေးရုံမှာ ၁ ဦး၊ ညောင်ရွှေဆေးရုံမှာ ၁ ဦး၊ ကျေးသီးဆေးရုံမှာ ၃ ဦး၊ ရွာငံဆေး ရုံမှာ ၁ ဦး၊ ဆီဆိုင်ဆေးရုံမှာ ၁ ဦး၊ ပင်လုံဆေးရုံမှာ ၁ ဦး စာရင်းမသွင်းရသေးတဲ့ ဆီဆိုင်ဆေးရုံက ၂ ဦး စုစုပေါင်း ၁၁ ဦး ရှိနေပါတယ်။

ဇန်နဝါရီကစပြီး မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စောင့်ကြည့်လူနာ ၉ ဦး ရောဂါပိုးမတွေ့ရှိကြောင်း ဓာတ်ခွဲခန်းအဖြေထွက်ရှိပြီး၊ သံသယလူနာ ၂ ဦးလည်း ဓာတ်ခွဲခန်းအဖြေ အရ ရောဂါပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တခုလုံးအနေနဲ့ မတ်လ ၂၆ ရက် ညနေအထိ စောင့်ကြည့်လူနာနဲ့ သံသယ လူနာပေါင်း ၅၅ ဦးရှိတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနထံက သိရပါတယ်။

ခွန်ရာဇာ

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း