COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်


မင်္ဂလာတောင်ညွန့်မြို့နယ် က လူနာအမှတ် ၅ ဟာ ဒီနေ့ မနက် ၇ နာရီ လေးဆယ်က ဝေဘာဂီဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။ 

အဲဒီလူနာဟာ ကင်ဆာရောဂါအခံရှိသူ အသက် ၆၉ နှစ်အရွယ်အမျိုးသားဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံနဲ့ စကာပူနိုင်ငံတွေကနေ ပြန်ရောက်လာပြီး COVID 19 လူနာအဖြစ် ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ဆောင်ထဲမှာ ကုသပေးနေချိန် သေဆုံးသွားဖြစ်ပါတယ်။

နှာခေါင်းကင်ဆာနဲ့ ဩစတြေးလျမှာ တစ်လလောက်ကုသမှုခံယူခဲ့ပြီး စင်ကာပူကတဆင့် မြန်မာနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၁၄ ဦးရှိပြီဖြစ်ပြီး လူနာ အမှတ် ၅ ဟာ မြန်မာနို်ငငံမှာ COVID 19 နဲ့ သေဆုံးတဲ့ ပထမဆုံးလူနာဖြစ်ပါတယ်။ 

လူနာအမှတ် ၅ နဲ့ ထိတွေ့ခဲ့ အမျိုးသားတစ်ဦးက COVID 19 လူနာအမှတ် ၁၀ ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူ နေဆဲဖြစ်ပါတယ်။

Comments

Popular posts from this blog

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း