ဗြိတိန်ပြည်သူအားလုံး အိမ်တွင်နေထိုင်ရန် ဝန်ကြီးချုပ်အမိန့်ပေး၊ မလိုက်နာသူများ ဒဏ်ကြေးပေးရမည်


ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ရပ်တံ့ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဗြိတိန်ပြည်သူအားလုံး အိမ်မှာပဲနေရမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မတ် ၂၃ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။ 

ဝန်ကြီးချုပ် ဂျွန်ဆင်က မဖြစ်မနေ အရေးကြီးတာ မဟုတ်တဲ့ ဈေးဆိုင်တွေကို ပိတ်ပစ်ဖို့၊ မိသားစု မိတ်ဆွေတွေနဲ့ မတွေ့ဆုံဖို့ ပြောခဲ့သလို မလိုက်နာသူတွေ ဒဏ်ကြေးဆောင်ရမယ်လို့ သတိပေးလိုက်ပါတယ်။ 

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၃၅ ဦး ရှိသွားပါပြီ။ ဆေးဘက်ဆိုင်ရာ ပစ္စည်း ပြတ်လပ်နေတယ်လို့ ညည်းညူနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်က နှာခေါင်းစည်းအပါအဝင် ကာကွယ်ရေးဝတ်စုံ (PPE) သန်းချီပြီး ကူညီပေးသွားမယ်လို့ ဗြိတိန်အစိုးရက ပြောကြားပါတယ်။ 

ဗြိတိန်အစိုးရရဲ့ အစီအမံ သစ်တွေကို သီတင်း ၃ ပတ်အကြာမှာ ပြန်သုံးသပ်ပြီး လိုအပ်ရင် ဖြေလျှော့ပေးသွားမှာပါ။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရာသီဥတုကောင်းတာကို အခွင့်ကောင်းယူပြီး ဗြိတိန်ပြည်သူ သန်းနဲ့ချီ ပန်းခြံနဲ့ အလှပြင်ဆိုင်တွေကို သွားရောက်ခဲ့ပါတယ်။ 

အဲဒီလို သွားရာမှာ ဗြိတိန်ပြည်သူတွေဟာ တဦးနဲ့တဦး ၆ ပေ ခွာရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို ဥပေက္ခာပြုခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း