မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်


ရန်ကုန်- COVID-19 ကာကွယ် ရေး ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာ နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြား သားအားလုံး ယနေ့(မတ်၂၉)ကစတင်ကာ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားအားလုံးကို ရပ်ဆိုင်း ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။

ယင်းသို့ လုပ်ဆောင်ခြင်း သည် COVID-19 ကာကွယ်ထိန်း ချုပ်ရေးအစီအမံများကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ရန် ရှေးရှုပြီး လုပ်ဆောင်ခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်က ဆို သည်။

နိုင်ငံခြားသား အားလုံးကို လူမှုရေးဗီဇာအပါအဝင် မည် သည့်ပြည်ဝင်ဗီဇာ ထုတ်ပေး ခြင်းကိုမဆို ရပ်ဆိုင်းခြင်းဖြစ် သည်။ ထိုဗီဇာရပ်ဆိုင်းသည့် အထဲတွင် အာဆီယံနိုင်ငံများအပါ အဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပြုထားသော နိုင်ငံ အားလုံးမှ နိုင်ငံခြားသားများ လည်းပါဝင်သည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအ ခြေစိုက် ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ဝန် ထမ်းများကို ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး၊အဖွဲ့ ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ တစ်ဆင့် ပြည်ဝင်ဗီဇာလျှောက် ထား ရယူနိုင်သည်ဟု ထုတ်ပြန် ချက်က ဆိုသည်။ သို့သော် ၎င်း တို့အနေဖြင့် မြန်မာသို့ လာ ရောက်မည့် ရက်မတိုင်မီနှင့် လေယာဉ်ပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော ၇၂ နာရီမတိုင်မီက ရရှိထားသည့် COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲ ခန်းဆေးစစ်ချက်အထောက်အ ထားပြသရမည်ဖြစ်သည်။ 

ထို့အပြင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါကလည်း ၎င်းတို့ နေအိမ်များတွင် အရင်ဆုံး ၁၄ ရက်ကြာ သီးသန့်နေထိုင်စောင့် ကြည့်မှု (Home Quarantine) ပြုလုပ်မည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့အတူ မြန်မာနိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ၊ သင်္ဘောအရာ ရှိများ၊ တာဝန်ရှိအမှုထမ်းများအ နေဖြင့်လည်း ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ် ဆင့် ပြည်ဝင်ဗီဇာလျှောက်ထား နိုင်သည်။ 

သို့သော် ၎င်းတို့အနေဖြင့် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက နောက်ဆုံးထုတ် ပြန်ထားသည့် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ တိ တိကျကျ လိုက်နာဆောင်ရွက် ရမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ယင်းသို့ မည်သည့်ပြည် ဝင်ဗီဇာဖြင့်မဆို ဝင်ရောက်ခွင့်ကို ရပ်ဆိုင်းထားသော်လည်း ပြည်ပ နိုင်ငံအသီးသီးမှ ခရီးသွားများအ နေဖြင့် မလွှဲမရှောင်သာကိစ္စရပ် ကြောင့် ဖြစ်စေ၊ အရေးပေါ်တာ ဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့မဖြစ် မနေလာရောက်ရန်ရှိပါက ပြည် ဝင်ဗီဇာယာယီရပ်ဆိုင်းထားမှုမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန် ပြည်ပ နိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး များသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်သည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း