ရောဂါပိုးအတည်ပြု လူနာ ၁၆ မြောက််ဥက္ကလာမှ သမိုင်းလမ်းဆုံသို့ ဘတ်စ်ကားဖြင့် သွားရောက်ခဲ့


လူနာအမှတ်စဉ်-၁၆ သည် လူမှုကွန်ယက်ပေါ်တွင် ၄င်း၏ ခရီးသွားရာဇဝင်အား ဆေးရုံမှ မေးမြန်းရာတွင် အမှန်အတိုင်း မဖြေခဲ့ခြင်းအပေါ် ဝေဖန်ခံနေရသည့် လူနာတစ်ဦး ဖြစ်ပါသည်။ အဆိုပါ အသက် (၆၃) နှစ် အရွယ်အမျိုးသမီးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်၊ နီလာ (၁) လမ်းတွင် မတ်လ ၁၅ရက်နေ့မှစပြီး (၂)ပတ်တိတိ ခေတ္တတည်းခို နေထိုင်ခဲ့စဉ် အချိန်အတွင်းတွင် သမိုင်းလမ်းဆုံသို့ ဘတ်စ်ကား ဖြင့် တစ်ကြိမ်သွားရောက်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးမှ ယနေ့ ဧပြီလ ၂ရက်နေ့ ညတွင် ထုတ်ပြန် ကြေငြာခဲ့ပါသည်။ သို့သော် ရက်အတိအကျကိုတော့ ကြေငြာထားခြင်း မရှိသေးပါ။

အဆိုပါလူနာသည် မတ်လ ၁၅ရက်နေ့ ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ပြီး မြောက်ဥက္ကလာတွင် တည်းခိုနေထိုင်စဉ် (၂)ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းများ ခံစားခဲ့ရသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ပြင်ပဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး မတ်လ ၂၇ရက်နေ့တွင် ရောဂါမသက်သာဘဲ ကိုယ်အပူချိန်မြင့်တက် လာခြင်း တို့ကြောင့် မတ်လ ၃၁ရက်နေ့တွင် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဆိုက်ကားဖြင့် သွားရောက်ပြသခဲ့ရာ အရေးပေါ်ဌာနတွင် ဦးစွာ ပြသခဲ့ပြီး ဆေးကုသဆောင်သို့ လွှဲပြောင်းပေးခဲ့ရသော လူနာဖြစ်ပါသည်။ ထို ဆေးရုံသို့ ရောက်ရှိပြီး(၂)နာရီကြာအထိ ပြည်ပနိုင်ငံသို့ခရီးသွားရာဇဝင်ရှိခြင်း (သို့မဟုတ်) ပြည်ပနိုင်ငံသို့ ခရီးသွားရောက်ခဲ့သူနှင့် ထိတွေ့သည့် ရာဇဝင်ရှိခြင်းကို တိကျစွာ မသိရှိရ ခြင်းကြောင့် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း (၁၇) ဦးတို့အား ယခုအခါ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေရပါသည််။

ဒူဘိုင်းမှပြန်လာသည့် သားဖြစ်သူနှင့် ထိတွေ့မှုရှိကြောင်း လူနာထံမှ သိရှိရချိန်မှစ၍ လူနာအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားဆောင် (Isolation ward) တွင် သီးခြားထားရှိကုသမှုပေးခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပါသည်။ အဆိုပါလူနာတွင် ဧပြီ ၁ရက်နေ့၌ ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့ပြီးနောက် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ စနစ် တကျလွှဲပြောင်းကုသမှုခံယူစေခဲ့ပါသည်။ ထို့နောက် အဆိုပါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း (၅၈) ဦးအား အသွား အလာတားမြစ်ပိတ်ပင်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရှိရပါသည်။

ပြည်သူများအနေဖြင့် ဆေးရုံဆေးခန်းသွားသည့်အခါ မိမိ၏ ခရီးသွားရာဇဝင်ကို အမှန်အတိုင်းပြောပြခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများကို ကူညီပေးရန်နှင့် ခရီးမှပြန်လာသောသူများ မိသားစုထဲတွင်ရှိနေပါက မိမိကိုယ်ကိုယ် အသွားအလာကန့်သတ်ပြီး အိမ်မှာပဲနေဖို့ We Media မှ တိုက်တွန်းလိုက်ပါသည်။

#WeNews #ကိုဗစ်၁၉ #လူနာ၁၆

Ref - MOHS

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း