COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း


ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာ ပုံမှန်ကျင်းပမယ့် ၁၅ ကြိမ်မြောက်လွှတ်တော် အစည်းအဝေး အပါအဝင် ကော်မတီအစည်းအဝေးတွေကိုပါ မတ်လ ၂၀ ရက်က စတင် ယာယီရပ်ဆိုင်းမယ်လို့ ပဲခူးတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်ဇင် က ပြောပါတယ်။

ပဲခူးတိုင်းလွှတ်တော်ရဲ့ ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို မတ်လ ကုန်လောက်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် လတ်တလော ပျံ့နှံ့မှု အားကောင်းလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကြောင့် လွှတ်တော်ကို ယာယီရပ်ဆိုင်းထားတယ်လို့ ပဲခူးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ကပြောပါတယ်။

လွှတ်တော်အစည်းအဝေးကိုခုလို နောက်ဆုတ်လိုက်ခြင်းအားဖြင့် လွှတ်တော်လုပ်ငန်းပိုင်းတွေကို များများစားစား မထိခိုက်နိုင်ကြောင်းနဲ့ တကယ်လို့ ဆက်လက်ကျင်းပလိုက်မယ်ဆိုရင် တယောက်ယောက်ဆီကများ ဒီဗိုင်းရပ်ပါလာရင် ကောင်းကျိုးထက်ဆိုးကျိုးက ပိုများနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုလိုက်ပါတယ်။

ပဲခူးတိုင်းလွှတ်တော်မှာ ပြီးခဲ့တဲ့ ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အထိ လွှတ်တော်ထဲမှာ ကြယ်ပွင့်ပြ မေးခွန်း ၁၃၂၀၊ ကြယ်ပွင့်မပြမေးခွန်း ၉၇၆ ခုနဲ့ အဆို ၂၉ ခု တို့ကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အောင်စိုးမို

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်