ယနေ့တွေ့ရှိ လူနာအမှတ် ၁၆ ကြောင့် မြန်မာတစ်နိုင်ငံလုံး ဒုက္ခ ရောက်ရန် နီးစပ်ခဲ့ပြီ


မြောက်ဥက္ကလာဆေးရုံက ရှေ့တန်းတိုက်စစ်မှူးတွေကို
ဒုက္ခပေးလိုက်တဲ့ လူနာ နံပါတ် - ၁၆ ....

ယနေ့ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) က
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ
(၃၁-၃-၂၀၂၀) ရက်နေ့မှာ တက်ရောက် ကုသမှု
ခံယူခဲ့စဉ်က ဆေးရုံက နိုင်ငံခြား သွားဖူးခြင်း ရှိ၊ မရှိ
နိုင်ငံခြားပြန်တွေနဲ့ ၁၄ ရက်အတွင်းမှာ ထိတွေ့
ခဲ့ဖူးခြင်း ရှိမရှိ စစ်မေးတဲ့အခါမှာ မရှိဘူးလို့
လိမ်ခဲ့တဲ့အတွက် သူ့ကို သာမန်ဖျားနာ လူနာတွေထားတဲ့
Medical Unit 2 မှာထားခဲ့ပြီး 
ယနေ့ ဆေးစစ်ချက် အဖြေထွက်တဲ့အခါမှာ 
Positive အဖြေထွက်လာတဲ့အတွက် Unit 2 မှာ 
တာဝန်ကျတဲ့ ဆရာဝန်တွေ သူနာပြုတွေ team တစ်ခုလုံး
Q ထိသွားကြပါပြီ။
ကြောင့် ယခုလို အရေးကြီးတဲ့အချိန်မှာ 
ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို
ထိခိုက်စေရအောင် ဆေးရုံကို အဖြစ်မှန်မပြောပဲ 
လိမ်တဲ့လူနာတွေကို ထိရောက်စွာ အရေးယူဖို့လိုပါပြီ ...

ယနေ့ Positive အဖြေထွက်မှ ဝန်ခံသော သူ့ History

 " ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူအမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ပါသည်။ ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ပါသည်။ အဆိုပါလူနာ အား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကု ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါအခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှုပေးလျက်ရှိပါသည်။ 
Credit 
ZN.H 🇦🇺

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း