Posts

ရောဂါပိုးအတည်ပြု လူနာ ၁၆ မြောက််ဥက္ကလာမှ သမိုင်းလမ်းဆုံသို့ ဘတ်စ်ကားဖြင့် သွားရောက်ခဲ့

Image
လူနာအမှတ်စဉ်-၁၆ သည် လူမှုကွန်ယက်ပေါ်တွင် ၄င်း၏ ခရီးသွားရာဇဝင်အား ဆေးရုံမှ မေးမြန်းရာတွင် အမှန်အတိုင်း မဖြေခဲ့ခြင်းအပေါ် ဝေဖန်ခံနေရသည့် လူနာတစ်ဦး ဖြစ်ပါသည်။ အဆိုပါ အသက် (၆၃) နှစ် အရွယ်အမျိုးသမီးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်၊ နီလာ (၁) လမ်းတွင် မတ်လ ၁၅ရက်နေ့မှစပြီး (၂)ပတ်တိတိ ခေတ္တတည်းခို နေထိုင်ခဲ့စဉ် အချိန်အတွင်းတွင် သမိုင်းလမ်းဆုံသို့ ဘတ်စ်ကား ဖြင့် တစ်ကြိမ်သွားရောက်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးမှ ယနေ့ ဧပြီလ ၂ရက်နေ့ ညတွင် ထုတ်ပြန် ကြေငြာခဲ့ပါသည်။ သို့သော် ရက်အတိအကျကိုတော့ ကြေငြာထားခြင်း မရှိသေးပါ။ အဆိုပါလူနာသည် မတ်လ ၁၅ရက်နေ့ ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ပြီး မြောက်ဥက္ကလာတွင် တည်းခိုနေထိုင်စဉ် (၂)ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းများ ခံစားခဲ့ရသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ပြင်ပဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး မတ်လ ၂၇ရက်နေ့တွင် ရောဂါမသက်သာဘဲ ကိုယ်အပူချိန်မြင့်တက် လာခြင်း တို့ကြောင့် မတ်လ ၃၁ရက်နေ့တွင် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဆိုက်ကားဖြင့် သွားရောက်ပြသခဲ့ရာ အရေးပေါ်ဌာန

၂ ရက်နေ့ ည ၈ နာရီ အသစ်တွေ့ လူနာစာရင်း ကို ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ

Image

ယနေ့တွေ့ရှိ လူနာအမှတ် ၁၆ ကြောင့် မြန်မာတစ်နိုင်ငံလုံး ဒုက္ခ ရောက်ရန် နီးစပ်ခဲ့ပြီ

Image
မြောက်ဥက္ကလာဆေးရုံက ရှေ့တန်းတိုက်စစ်မှူးတွေကို ဒုက္ခပေးလိုက်တဲ့ လူနာ နံပါတ် - ၁၆ .... ယနေ့ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) က မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ (၃၁-၃-၂၀၂၀) ရက်နေ့မှာ တက်ရောက် ကုသမှု ခံယူခဲ့စဉ်က ဆေးရုံက နိုင်ငံခြား သွားဖူးခြင်း ရှိ၊ မရှိ နိုင်ငံခြားပြန်တွေနဲ့ ၁၄ ရက်အတွင်းမှာ ထိတွေ့ ခဲ့ဖူးခြင်း ရှိမရှိ စစ်မေးတဲ့အခါမှာ မရှိဘူးလို့ လိမ်ခဲ့တဲ့အတွက် သူ့ကို သာမန်ဖျားနာ လူနာတွေထားတဲ့ Medical Unit 2 မှာထားခဲ့ပြီး  ယနေ့ ဆေးစစ်ချက် အဖြေထွက်တဲ့အခါမှာ  Positive အဖြေထွက်လာတဲ့အတွက် Unit 2 မှာ  တာဝန်ကျတဲ့ ဆရာဝန်တွေ သူနာပြုတွေ team တစ်ခုလုံး Q ထိသွားကြပါပြီ။ ကြောင့် ယခုလို အရေးကြီးတဲ့အချိန်မှာ  ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိခိုက်စေရအောင် ဆေးရုံကို အဖြစ်မှန်မပြောပဲ  လိမ်တဲ့လူနာတွေကို ထိရောက်စွာ အရေးယူဖို့လိုပါပြီ ... ယနေ့ Positive အဖြေထွက်မှ ဝန်ခံသော သူ့ History  " ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူအမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆ

၁ ရက် ၄ လ ၂၀၂၀ နှစ် ည ၈ နာရီ ၂၀ မိနစ် ကူးစက်ခံရ လူနာ အမှတ် ၁၆ အခြေအနေ

Image

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

Image
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၃၁-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၄) ဦး ရှိပါသည်။  ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၇)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၆၆) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိက

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

Image
မင်္ဂလာတောင်ညွန့်မြို့နယ် က လူနာအမှတ် ၅ ဟာ ဒီနေ့ မနက် ၇ နာရီ လေးဆယ်က ဝေဘာဂီဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။  အဲဒီလူနာဟာ ကင်ဆာရောဂါအခံရှိသူ အသက် ၆၉ နှစ်အရွယ်အမျိုးသားဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံနဲ့ စကာပူနိုင်ငံတွေကနေ ပြန်ရောက်လာပြီး COVID 19 လူနာအဖြစ် ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ဆောင်ထဲမှာ ကုသပေးနေချိန် သေဆုံးသွားဖြစ်ပါတယ်။ နှာခေါင်းကင်ဆာနဲ့ ဩစတြေးလျမှာ တစ်လလောက်ကုသမှုခံယူခဲ့ပြီး စင်ကာပူကတဆင့် မြန်မာနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၁၄ ဦးရှိပြီဖြစ်ပြီး လူနာ အမှတ် ၅ ဟာ မြန်မာနို်ငငံမှာ COVID 19 နဲ့ သေဆုံးတဲ့ ပထမဆုံးလူနာဖြစ်ပါတယ်။  လူနာအမှတ် ၅ နဲ့ ထိတွေ့ခဲ့ အမျိုးသားတစ်ဦးက COVID 19 လူနာအမှတ် ၁၀ ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူ နေဆဲဖြစ်ပါတယ်။